Media Center
Latest Stories
ဒေါ်အောင်ဆန်းစုကို ထိန်းသိမ်းထားမှုနောက်ပိုင်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမှအရေးယူဆောင်ရွက်ရန် ကမ္ဘာ့ခရစ်ယာန်ခေါင်းဆောင်များတောင်းဆို
February 2, 2021
မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုနောက်ပိုင်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ကမ္ဘာ့ခရစ်ယာန်များစောင့်ကြည့် လျက်ရှိပါတယ်။
ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်စုစည်းညီညွတ်ရေးအဖွဲ့၏ အရှေ့အာရှဆိုင်ရာ ဆန်းစစ်သူအကြီးအကဲ Benedict Rogers က၊ ဖမ်းဆီးထိန်းသိမ်းထားသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူခေါင်းဆောင်များ အားလုံးကို "မည်သည့်အကြောင်းပြချက်မှမထားဘဲ အမြန်ဆုံးပြန်လွှတ်ပေးရန်" တောင်းဆိုလိုက်ပါတယ်။
လွန်ခဲ့သောရက်အတွင်းဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်များသည် မြန်မာနိုင်ငံအတွက် ရှေ့ဆက်ရမည့်ခြေလှမ်းများကိုနောက်ပြန်ဆုတ်စေသော ရုန်းရင်းဆန်ခတ်မှုများဖြစ်ပါတယ်လို့ သူကပြောပါတယ်။
ကျနော်တို့အနေဖြင့် အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံညှိနှိုင်းခြင်း၊ ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးဖို့ရန်နှင့် ပြန်လည်သင့်မြတ်ဖို့ရန် အဘက်ဘက်ကနေတိုက်တွန်းတောင်းဆိုပါတယ်။
ကျနော်တို့အနေဖြင့် တပ်မတော်ကို တောင်းဆိုချင်တာက တိုးတက်နေပြီဖြစ်သောဒီမိုကရေစီဖြစ်စဉ်ကို ဂရုပြုလေးစားဖို့ရန်နှင့် အပြည်ပြည်ဆိုင်ရာကြားဝင်ညှိနှိုင်းခြင်း အကူအညီဖြင့် အဘက်ဘက်မှ ရှေ့ဆက်ညှိနှိုင်းသဘောတူညီမှုတို့ ရရှိဖို့ရန် တောင်းဆိုလိုပါတယ်။
ဤအကြောင်းအရာမဖြစ်ခဲ့ပါက၊ Rogers ထပ်လောင်းပြောတာက၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ တိကျခိုင်မာသောရည်ရွယ်ချက်များထားရှိ၍ မြန်မာ့စစ်တပ်ခေါင်းဆောင်များအပေါ် Sanctions ဒဏ်ခတ်ပိတ်ဆို့ခြင်းအပြစ်ဒဏ်ချမှတ်ရမယ်။ သူတို့၏အကျိုးစီးပွားနှင့် ၎င်းတို့နှင့်ဆက်နွယ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ်လည်း ပိတ်ဆို့ရပါမယ်။
သူဆက်ပြောတာကတော့ "အကယ်၍စစ်တပ်က လွန်ခဲ့သောဆယ်စုနှစ်များအတိုင်း နိုင်ငံရေးဖိနှိပ်မှုများနဂိုမူလအတိုင်းပြန်လည်ရောက်ရှိအောင်ပြုမူဘာက၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှလည်း ကမ္ဘာ့အလယ်မှာအထီးကျန်သူအဖြစ် တုံ့ပြန်ပြီးသတိပေးရပါလိမ့်မယ်။ မကြာသေးခင်ကမှ ပေါ်ထွက်လာတဲ့ အထီးကျန်ခြင်းအမှောင်နေ့ရက်များသို့ မြန်မာနိုင်ငံကား တဖန်နောက်ပြန်လှည့်သွားရပါလိမ့်မယ်။"
အပြည်ပြည်ဆိုင်ရာခရစ်ယာန်များကိုအလေးထားစောင့်ကြည့်သောအဖွဲ့မှ အရှေ့တောင်အာရှဆိုင်ရာ ဒေသအတွင်းမန်နေဂျာ Gina Goh ပြောတာက၊ လွန်ခဲ့သောနေ့ရက်နာရီများဟာ အလွန်အမင်းစိုးရိမ်ဖို့ကောင်းခဲ့ပါတယ်။ ဒါကဘာကိုဖော်ပြနေသလဲဆိုရင်၊ မြန်မာ့စစ်တပ်ဟာ နိုင်ငံ့အခြေအနေအပေါ် လေးစားဂရုပြုမှုအားနည်းပြီး၊ ဒီမိုကရေစီအားကောင်းလာမူကိုအနှောင့်အယှက်ဖြစ်စေပါတယ်။
"ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများသည်လည်း ဤကဲ့သို့သော Barbaric Actions ရိုင်းစိုင်းသောအပြုမူအပေါ်ဖိအားပေး ကာကွယ်ရပ်တည်ဖို့နှင့် အရှေ့တောင်အာရှနိုင်ငံတွေလဲ အာဏာချုပ်ကိုင်ထားသော စစ်အစိုးရခေတ် သို့နောက်ပြန်ဆွဲမှုအပေါ် သတိကြီးစွာထားဖို့ရန် ရှိပါတယ်" ဟု သူမကပြောပါတယ်။
Mustard Seed for Life Myanmar
Ref:https://www.christiantoday.com/.../internation.../136309.htm
Photo Caption: Aung San Suu Kyi and other leaders in Myanmar have been arrested by the military-Reuters
From Idea to Reality: The Evolution of mustardseedforlifemyanmar
June 9, 2019
Add a short summary of a news article or relevant publication with a link to the original. You can also add a video for extra engagement!
1-on-1 with mustardseedforlifemyanmar CEO
June 9, 2019
Add a short summary of a news article or relevant publication with a link to the original. You can also add a video for extra engagement!